Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 24, 2014

ဘော်​လီ​ဘော​ပွဲ ကြည့်​ခွင့် တောင်း​ဆို​လို့ ဖမ်း​ခံ​ရ​သူ အာမခံ​နဲ့ လွတ်

24 November 2014 08:44(+0630) (လွန်ခဲ့သော 10 နာရီ ခန့်က)
အီရန်နိုင်ငံ မှာ အမျိုးသား ဘောလီဘောပွဲ တပွဲကို ကြည့်ဖို့ ကြိုးစားခဲ့လို့ ထောင်ချ ခံခဲ့ရတဲ့ အမျိုးသမီး ကို အခုတော့ အာမခံနဲ့ လွှတ်ပေး လိုက်ပါပြီ။

ကျန်းမာရေး အခြေအနေကြောင့် လွတ်လာခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် အီရန်နွယ်ဖွား ဗြိတိန်နိုင်ငံသူ ဂွန်ရှဲ ဂါဗာမီးဟာ လောလောဆယ် တီဟီရန်မြို့မှာ မိဘတွေနဲ့ နေထိုင်ပြီး အယူခံ တရားရုံးရဲ့ ဆုံးဖြတ်ချက် ကို စောင့်နေတယ် လို့ သူရဲ့ မိဘတွေက ပြောပါတယ်။

မစ္စ ဂါဗာမီးဟာ ပြီးခဲ့တဲ့ ဂျွန်လ ၂၀ ရက်နေ့က တခြား အီရန် အမျိုးသမီးအုပ်စု တစုနဲ့ အတူ အီရန်နဲ့ အီတလီ အမျိုးသား ဘောလီဘော ပြိုင်ပွဲကို ကြည့်ခွင့် ရဖို့ အားကစားရုံ ရှေ့ ဆန္ဒပြချိန်မှာ ရိုက်နှက် ပြီး ဖမ်းဆီး ခံခဲ့ရတယ် လို့ ဆိုပါတယ်။

နောက်ပိုင်း သူတို့ကို ပြန်လွှတ် ပေးခဲ့ပေမယ့် မကြာခင်မှာပဲ မစ္စ ဂါဗာမီးကို ပြန်ဖမ်းခဲ့ပါတယ်။ ဒီနောက် ရုံးတင်ကာ အစိုးရက အတိုက်အခံတွေနဲ့ အဆက်အသွယ် ရှိတယ်၊ ဝါဒဖြန့် စာတွေ ဝေတယ် ဆိုတဲ့ စွပ်စွဲချက် နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ လဆန်းပိုင်း ကမှ ထောင် ၁ နှစ်ချခဲ့ပါတယ်။ နောက်ပြီး ခရီးသွားလာခွင့်လည်း ၂ နှစ် အပိတ်ခံခဲ့ ရပါတယ်။

အောက်တိုဘာလ က သူ့ကို မတရား ချုပ်နှောင်တာ ဆိုပြီး မစ္စဂါဗာမီး က အစာငတ်ခံ ဆန္ဒပြ ခဲ့သလို ထောင်သောင်းချီတဲ့ လူတွေကလည်း သူ့ကို ပြန်လွှတ်ပေး ဖို့ လက်မှတ်ရေးထိုး တောင်းဆို ခဲ့ကြပါတယ်။

အီရန်နိုင်ငံ မှာ အမျိုးသားတွေ ယှဉ်ပြိုင်တဲ့ အားကစားပွဲ တွေကို အမျိုးသမီးတွေ ကြည့်ရှု့ခွင့် ပိတ်ပင်ထားပါတယ်။ မစ္စဂါဗာမီး အဖမ်း ခံခဲ့ရတဲ့ နောက်ပိုင်း၊ ကမ္ဘာ့ ဘော်လီဘော အဖွဲ့ချူပ်က အီရန်ကို နိုင်ငံတကာ ပြိုင်ပွဲတွေ လက်ခံ ကျင်းပခွင့် ပိတ်ပင် ခဲ့ပါတယ်။


ထောင်တွင်း အစာငတ်ခံ ဆန္ဒပြတဲ့ မစ္စဂါဗာမီး။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ