Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 22, 2014

လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက် မလေးရှား သံတမန် ငြင်းဆန်

22 November 2014 13:00(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)
နယူးဇီလန်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မလေးရှား သံတမန်  မွတ်ဟာမက် ရာဇာမာန်က လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်ကို  မနေ့က ငြင်းဆန်လိုက်ပါတယ်။

ဝယ်လန်တန်မြို့နယ်တရားရုံးမှာ အယူခံကို လျှောက်လဲခဲ့ပြီးနောက် ဂျူရီလူကြီးတွေနဲ့ ဖွဲ့ထားတဲ့ ခုံရုံးလမ်းကြောင်းကိုလည်း ရွေးချယ်လိုက်တယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

အသက် ၃၈ နှစ်အရွယ် မလေးရှား သံတမန်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ ရည်ရွယ်ချက်နဲ့ ပိုင်နက်ကျူးလွန်မှု၊ တိုက်ခိုက်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာပါ။

မလေးရှား သံတမန်ဟာ ကာကွယ်ရေးဝန်ကြီးလက်အောက်က အဆင့်မြင့်ကော်မရှင်ရုံးမှာ အမှုထမ်းနေတုန်းက အသက် ၂၁ နှစ်အရွယ်အမျိုးသမီး Tania Billingsley ကို ကိုယ်ထိလက်ရောက် စော်ကားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် မေလ အစောပိုင်းက အဖမ်းခံခဲ့ရပါတယ်။

နောက်ထပ် နှစ်ပတ်အကြာမှာ သူက သံတမန် အခွင့်အရေးကို တောင်းဆိုပြီး မိသားစုနဲ့အတူ မလေးရှားကို ပြန်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကို နယူးဇီလန် မီဒီယာတွေမှာ ဟိုးလေးတကျော် ဖော်ပြခဲ့ပြီးနောက်  ၀န်ကြီးချုပ် ဂျွန်ကေးက သံတမန်ဟောင်းကို အမှုရင်ဆိုင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါကြောင့် အရင်လက သူ့ကို မလေးရှားကနေ နယူးဇီလန်ကို ပြန်ပို့ခဲ့ပါတယ်။ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံနိုင်တဲ့ အမှုဖြစ်ပြီး ရုံးချိန်းကို ဖေဖော်ဝါရီလမှာ ပြန်ချိန်းထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ