Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 24, 2014

တပ်မတော် ပစ်ခတ်လို့ သေဆုံးသွားတဲ့ ဗိုလ်လောင်း တွေ အတွက် ရန်ကုန်မှာ ဆုတောင်းပွဲ ပြုလုပ်

23 November 2014 21:53(+0630) (လွန်ခဲ့သော 21 နာရီ ခန့်က)
ကချင်ပြည်နယ် လိုင်ဇာမှာ ရှိတဲ့ ကေအိုင်အေ ဌာနချုပ် နားက ဗိုလ် သင်တန်း ကျောင်းကို အစိုးရ စစ်တပ်က ပစ်ခတ်လို့ သေဆုံး ခဲ့တဲ့ ဗိုလ်လောင်း သင်တန်းသား (၂၃)ဦးအတွက် ဝမ်းနည်းခြင်း အထိမ်း အမှတ် လွမ်းသူ့ ပန်းခွေချ ဆုတောင်းတဲ့ လှုပ်ရှားမှု ကို ရန်ကုန်မှာ ပြုလုပ်ခဲ့ ပါတယ်။

သေဆုံး ခဲ့တဲ့ ဗိုလ်လောင်း တွေအတွက် တကိုယ်လုံး အနက်ရောင် အဝတ် အစားတွေ ဝတ်ဆင် ထားတဲ့ လူငယ် (၁၀ဝ) လောက် ဟာ မြန်မာ ငြိမ်းချမ်း ရေး စင်တာ MPC ရှေ့မှာ လွမ်းသူ ပန်းခွေ တွေ ပန်းစည်းတွေ ချ ဖယောင်းတိုင်ထွန်း ခဲ့သလို သံဃာတော် တွေ ကလည်း အမျှ အတန်း ပေးဝေပြီး ဝမ်းနည်း ခြင်း အထိမ်းအ မှတ် ဆုတောင်းပွဲ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

ဒီဆုတောင်း ပွဲကို ကချင်၊ ချင်း၊ ရခိုင်၊ တအောင်း၊ ပလောင် ရှမ်း ဗမာ စတဲ့ တိုင်းရင်းသား လူငယ်တွေ လာရောက်ခဲ့ ပါတယ်။ စစ်တပ်ရဲ့ ပစ်ခတ် မှုမှာ သေဆုံးခဲ့ ရတဲ့ ဗိုလ်လောင်း တွေထဲမှာ ဒီ ကို လာရောက် သူတွေ ထဲက အများစုရဲ့ ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်းတွေ လည်း ပါဝင် နေတာပါ။

ဒါ့အပြင် နောက်ထပ် တိုင်းရင်းသား လူငယ် အယောက် (၂၀) လောက် ဟာလည်း သေဆုံး ခဲ့တဲ့ ဗိုလ်လောင်းတွေ အတွက် အင်လျား ကန်ဘောင်မှာ မေတ္တာ သုတ် ရွတ်၊ အမျှ အတန်းဝေ တာတွေ နဲ့ ဝမ်းနည်းခြင်း သီချင်း သီဆို တာတွေ ပြုလုပ်ခဲ့ ပါတယ်။

ဒါဟာ လူငယ် တွေရဲ့ ဝမ်းနည်း ကြေကွဲ မှုကို ပြတဲ့ ဆုတောင်းပွဲ သက်သက်ဘဲ ဖြစ်ပြီး အစိုးရကို ဆန္ဒပြ တောင်းဆိုတာ မဟုတ်ဘူးလို့ ဒီပွဲကို စီစဉ် ဆောင်ရွက် တဲ့ ကိုဆောင်းခ က ပြောပါတယ်။ ဒီ သေဆုံး ခဲ့တဲ့ ဗိုလ်လောင်းတွေ အတွက် ဆုတောင်းပွဲ တွေကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း နဲ့ ကချင် စစ်ပြေး ဒုက္ခသည် စခန်းတွေမှာ လည်း ပြီးခဲ့တဲ့ ရက်တွေက ပြုလုပ်ခဲ့ပါတယ်။

ဇူလိုင်လ (၁၉)ရက်နေ့က ကေအိုင်အေ ဗိုလ်သင်တန်းကျောင်း ကို မြန်မာ စစ်တပ်က ပစ်ခတ် ခဲ့တဲ့ အတွက် သေဆုံး ခဲ့တဲ့ ဗိုလ်လောင်း (၂၃) ဦး ကတော့ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်က (၁၁)ယောက်၊ ရခိုင် တပ်မတော်က (၈) ယောက်၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးက (၂)ယောက် နဲ့ ချင်း အမျိုးသား တပ်ဦးက (၂)ယောက် တို့ ဖြစ်ကြ ပါတယ်။


မြန်မာ ငြိမ်းချမ်းရေး စင်တာ MPC ရှေ့မှာ လွမ်းသူ့ ပန်းခွေတွေ ပန်းစည်းတွေ ချ၊ ဖယောင်း တိုင် တွေထွန်း


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ