Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 24, 2014

မင်းလှမြို့နယ်မှာ ယာခင်းထဲ နွားဝင်သည့်ကိစ္စနှင့် ပတ်သက်ပြီး လူသတ်မှု ဖြစ်ပွား

24 November 2014 12:00(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က)
လူသတ်မှုကျူးလွန်ပြီး ပစ္စည်းလုယူသူအား စုံစမ်းဖော်ထုတ်အရေးယူထား

နေပြည်တော်၊ နိုဝင်ဘာ ၂၃

၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၆ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မီးလောင်ကုန်းကျေးရွာနေ ဒေါ်ပုတင်(၅၄)နှစ်သည် ယင်းနေ့ နေ့လယ် ၂ နာရီအချိန်မှ စ၍ ရွာနှင့်(၁)ဖာလုံခန့်ဝေးသည့် ပဲစင်းငုံစိုက်ထားသောယာခင်းသို့ ခြံစည်းရိုးများ ပြုပြင်ရန်သွားရောက် နေသည့် အစ်မဖြစ်သူ ဒေါ်လှကြည်(၇ဝ)နှစ် ပြန်လည် ရောက်ရှိ လာခြင်း မရှိသဖြင့် လိုက်လံရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ ဒေါ်လှကြည်အား ၎င်း၏ယာခင်းထဲ၌ ပက်လက်အနေအထားဖြင့် ဦးခေါင်းထိပ်ပေါက်ပြဲ သွေးထွက်ဒဏ်ရာ(၁)ချက်ရရှိကာ လဲကျသေဆုံးနေသည်ကို တွေ့ရှိရသောကြောင့် ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်အရေးယူပေးရန်တိုင်တန်းခဲ့ရာ ရေနံမနယ်မြေရဲစခန်း(ပ)၆၇/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

အမှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ရေနံမနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက အခင်းဖြစ်အရပ်စစ်ဆေးခြင်း၊ ပတ်ဝန်းကျင်သက်သေများအားစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ အခင်းဖြစ် အရပ်မှတွေ့ရှိခဲ့သော ပြစ်မှုကျူးလွန်သူကျန်ရစ်ခဲ့သည့်ပစ္စည်းများဟုယူဆရသည့် ဆင်ကြယ်ဖိနပ်(၁)ရံနှင့် ခရမ်းရောင်မီးခြစ်(၁)လုံးတို့မှာ မီးလောင်ကုန်းကျေးရွာနေ မြင့်နွယ်(ခ)အူဝဲ(၂ဝ)နှစ်၏ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် နိုဝင်ဘာလ ၂ဝ ရက်နေ့ ညနေ ၄ နာရီအချိန် မြင့်နွယ်(ခ)အူဝဲအား အမှုဖြင့်ဖမ်းဆီး စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ မြင့်နွယ်(ခ)အူဝဲသည် ၁၉-၁၁-၂ဝ၁၄ ရက်နေ့ နံနက်ပိုင်းက ရွာအတွင်း၌ အရက်သောက်စားပြီး ၁၃၃ဝ အချိန်ခန့်တွင် ဒေါ်လှကြည်၏ယာခင်းအနီး နွားကျောင်း နေခဲ့ကြောင်း၊ ထိုသို့နွားကျောင်းနေစဉ် ယာခင်းထဲ နွားဝင်သည့်ကိစ္စနှင့်ပတ်သက်ပြီး ဒေါ်လှကြည်မှ ဆဲဆို၍ မြင့်နွယ်(ခ)အူဝဲမှ အနီးရှိ အာလူးကျောက်ခဲဖြင့်ပစ်ပေါက်ခဲ့ကြောင်း၊ ကျောက်ခဲထိမှန်ပြီး ဒေါ်လှကြည်ထွက်ပြေးစဉ် ထပ်မံ၍ အာလူးကျောက်ခဲဖြင့်ပစ်ပေါက်ခဲ့ရာ ဒေါ်လှကြည်၏ဦးခေါင်းအား ထိမှန်ပြီး လဲကျသွားကြောင်း၊ ယင်းသို့ ဒေါ်လှကြည်လဲကျသွားစဉ် ၎င်း၏နားတွင်ဝတ်ဆင်ထားသော အလေးချိန်(၅)မူးသားခန့်ရှိ ရွှေဥနားဋောင်း(၁)ရံအားလုယူ၍ နေအိမ်တွင် ဝှက်သိမ်းထားခဲ့ကြောင်း ပေါ်ပေါက်သဖြင့် သက်သေခံပစ္စည်းအား သက်သေများနှင့်အတူ သွားရောက်သိမ်းဆည်းခဲ့ပြီး မြင့်နွယ်(ခ) အူဝဲအား ပြစ်မှုပုဒ်မ ၃ဝ၂ မှ ၃ဝ၂/၃၉၂ သို့ ပြောင်းလဲအရေးယူထားကြောင်း သတင်းရရှိသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ