Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 24, 2014

အာဆီယံဆူဇူကီးဖလားဘောလုံးပြိုင်ပွဲ မြန်မာနှင့် မလေးရှားသရေကျ

24 November 2014 06:33(+0630) (လွန်ခဲ့သော 12 နာရီ ခန့်က)
နေပြည်တော် နိုဝင်ဘာ ၂၃

အာဆီယံ ဘောလုံး အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် အာဆီယံ ဆူဇူကီး ဖလား ဘောလုံး ပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ် များကို ယနေ့ညနေပိုင်းက စင်ကာပူနိုင်ငံတွင် ကျင်းပရာ မြန်မာအသင်းမှာ ပွဲဦးထွက် သရေတစ်မှတ်သာ ရရှိခဲ့သည်။

မြန်မာ - ဂိုးမရှိ
မလေးရှား - ဂိုးမရှိ

မြန်မာအသင်း၏ ဆူဇူကီးဖလားပြိုင်ပွဲအဖွင့်ပွဲမှာ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ အုပ်စုကျပ်အတွင်း ကျရောက်နေသည့် မြန်မာအသင်းအနေဖြင့် နောက်တစ်ဆင့်တက်ရေးမျှော်လင့်ချက်အတွက် ယခုလိုပွဲမျိုးတွင် အနိုင်ရသင့်သော်လည်း သရေသာရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းမှာ တစ်ယောက်အသာဖြင့် ကစားခဲ့ရသော်လည်း မလေးရှားအသင်းကို အသာမရခဲ့သလို ကစားပုံမှာလည်း လိုအပ်ချက်များစွာရှိနေခဲ့၍ နိုင်ပွဲနှင့် ဝေးခဲ့ရခြင်းဖြစ်သည်။

မြန်မာအသင်းမှာ သီဟစည်သူ(ဂိုး)၊ ဒေးဗစ်ဒန်း၊ အောင်ဇော်၊ ဝင်းမင်းထွန်း၊ ခင်မောင်လွင်၊ ရန်အောင်ကျော်၊ မင်းမင်းသူ၊ နန္ဒလင်းကျော်ချစ်၊ တင်ဝင်းအောင်၊ ကြည်လင်း၊ ကျော်ကိုကိုတို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအသင်းမှာ ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ခုနစ်မိနစ်တွင် နန္ဒလင်းကျော်ချစ် အပိုင်ခေါင်းတိုက် ခွင့်ရရှိခဲ့သော်လည်း လွဲချော်ခဲ့၍ နစ်နာခဲ့ရသည်။ မလေးရှားအသင်း၏ ကစားပုံမှာလည်း သာမန်သာရှိ၍ မြန်မာအသင်း ပိုဖိကစားနိုင်ခဲ့သော်လည်း မြန်မာကစား သမားများမှာ တစ်ဦးချင်းကစားနေ၍ မလေးရှားဂိုးပေါက်ကို မခြိမ်းခြောက် နိုင်ခဲ့ပေ။

ဒုတိယပိုင်းတွင်လည်း တစ်ယောက်အသာရထားသည့် မြန်မာအသင်းက ခြေအသာရခဲ့သော်လည်း ထိရောက်သည့် ခြိမ်းခြောက်နိုင်မှုမျိုးမလုပ်နိုင်ခဲ့ပေ။ မြန်မာအသင်းနည်းပြ အေဗရာမိုဗစ်မှာလည်း လူစားလဲမှုများကို မိနစ် ၈ဝ ကျော်ဝန်းကျင်မှပြုလုပ်ခဲ့၍ ကစားကွက်မှာ သိသိသာသာပြောင်းလဲခဲ့ခြင်း မရှိပေ။ အမှတ်ပြည့်ရသင့်သည့်ပွဲတွင် သရေတစ်မှတ်သာရရှိခဲ့သည့် မြန်မာအသင်းမှာ နောက်တစ်ဆင့်တက်ရေး နောက်နှစ်ပွဲတွင် ရုန်းကန်ရတော့မည် ဖြစ်သည်။ မြန်မာအသင်းမှာ နိုဝင်ဘာ ၂၆ ရက်တွင် စင်ကာပူအသင်းနှင့် ကစားရမည်ဖြစ်သည်။

ဒုတိယပွဲအဖြစ် စင်ကာပူအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားရာ ထိုင်းအသင်းက စင်ကာပူအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ မြန်မာနှင့်မလေးရှားပွဲကို မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တစ်နာရီနောက်ကျပြီးမှ ကစားခဲ့ရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ