Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 24, 2014

အာဖဂန်၌ ဘောလီဘောပြိုင်ပွဲတွင် ပေါက်ကွဲမှုဖြစ်ပွား လူ ၄၅ ဦးထက်မနည်း သေဆုံး

24 November 2014 06:33(+0630) (လွန်ခဲ့သော 12 နာရီ ခန့်က)
ကဘူးလ် နိုဝင်ဘာ ၂၃

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း၌ ကျင်းပသည့် ဘော်လီဘော ပြိုင်ပွဲတစ်ခုတွင် အသေခံ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာလူ ၄၅ ဦးထက်မနည်း သေဆုံး ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ပြိုင်ပွဲသို့လာရောက်ကြည့်ရှုသူ အများအပြား ရောက် ရှိချိန်တွင်အဆိုပါ တိုက်ခိုက်ရေး သမားက စနက်တံဖြုတ်ကာ ဗုံးဖောက်ခွဲ လိုက်ခြင်း ဖြစ်ကြောင်း ပက်တီကာပြည်နယ် အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ယာဟ်ယာခိုင်လ်ခရိုင်၌ ဖြစ်ပွားသည့် အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်တွင်လူ ၆ဝ ခန့်မှာလည်း ဒဏ်ရာရရှိ သွားသည်။ လာမည့်လအတွင်း အာဖဂန်နစ္စတန်နိုင်ငံ အတွင်းရှိ နိုင်ငံခြားတပ်ဖွဲ့အများစု ရုပ်သိမ်းသွားပြီးချိန်တွင် နေတိုးနှင့် အမေရိကန်တပ်ဖွဲ့ဝင်များ ဆက်လက်ကျန်ရှိ နေမည့်ကိစ္စနှင့်ပတ်သက်၍ အာဖဂန်ပါလီမန်အမတ်များက လက်ခံအတည်ပြုပြီးနောက် အဆိုပါပေါက်ကွဲမှုဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

နေတိုးတပ်ဖွဲ့ဝင်အင်အားသစ် စုစုပေါင်း အရေ အတွက်မှာ ၁၂ဝဝဝ ခန့် ရှိမည်ဖြစ်ပြီး လေ့ကျင့်ပေးခြင်း၊ အကြံပေးခြင်း၊ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကူညီ ပေးခြင်းတို့ ပြုလုပ်သွားမည်ဖြစ်သည်။

ယနေ့ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုမှာ ဒေသတွင်း ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲကို ကြည့်ရှုရန် ပြင်ဆင် နေသည့် ပရိသတ်လူစုလူဝေး စုမိချိန်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေကျေဒဏ်ရာရသူ အများစုမှာ အရပ်သားများ ဖြစ်ကြသည်။ ဘီဘီစီ




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ