Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, November 23, 2014

မန္တလေးအလုပ်သမား ၆၀၀ အလုပ်သမား အငြင်းပွားမှု ဥပဒေကို ကန့်ကွက်ဆန္ဒပြ

23 November 2014 13:00(+0630)
၂၀၁၂ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေနဲ့ ပတ်သက်တဲ့ ကန့်ကွက်ဆန္ဒပြပွဲတခုကို မန္တလေးမြို့မှာ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က ဦးဆောင် ပြုလုပ်ခဲ့ပြီး အလုပ်သမား ၆၀၀ လောက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီနေ့မနက်ပိုင်းက သမဂ္ဂအဖွဲ့ချုပ်ဝင် စက်မှုဇုန်အလုပ်သမား ၆၀၀ လောက်ဟာ မန္တလေးစက်မှုဇုန်ကို တပတ်ပတ်ပြီး ချီတက်ဆန္ဒပြခဲ့ကြတာလို့ သမဂ္ဂပြန်ကြားရေးတာဝန်ခံ ကိုသက်နှင်းအောင်က ပြောပါတယ်။ ဒီနေ့ ချီတက်ဆန္ဒပြခဲ့ကြတဲ့ အလုပ်သမားထုရဲ့ တောင်းဆိုချက်ကိုလည်း သူက ခုလို ပြောပါတယ်။

“အဓိကတောင်းဆိုတာက ၂၀၁၂ အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေးဥပဒေမှာ ထောင်ဒဏ်ထည့်သွင်းပေးရေး၊ အလုပ်သမားဘက်က ရပ်တည်မပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အလိုမရှိဆိုတာနဲ့ ၂၀၁၂ အလုပ်သမားအငြင်းပွားမှု ဥပဒေကို ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုတာပါ။”

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ဟာ ဒီနေ့ရက်စွဲနဲ့ပဲ ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပြီး အလုပ်သမားဥပဒေရေးဆွဲရာမှာ အလုပ်သမားများ ပါဝင်ခွင့်ပေးဖို့၊ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အလုပ်သမားဥပဒေတွေ ပြဋ္ဌာန်းတဲ့အခါ အလုပ်သမားတွေကို မျက်ကွယ်မပြုဘဲ အလုပ်သမားတွေဘက်က ပြတ်ပြတ်သာသား ရပ်တည်ပေးဖို့ စတဲ့အချက်တွေ အပါအ၀င် အချက် ၈ ချက် တောင်းဆိုဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်အနေနဲ့ အလုပ်သမားအငြင်းပွားဥပဒေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာ တကြိမ်ဆန္ဒပြခဲ့ကြပြီး အခု မန္တလေးမှာ ပထမအကြိမ်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ