Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, November 23, 2014

တရုတ်နှင့်ဂျပန်တွင် အင်အားပြင်း ငလျင်များ လှုပ်ခတ်

23 November 2014 13:20(+0630)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်မှာ နိုဝင်ဘာ ၂၂ ရက်နေ့က ပြင်းအား ၆ ဒသ ၃ ရှိတဲ့ ငလျင်လှုပ်ခဲ့ပြီး လူ ၂ ဦး သေဆုံးသွားပါတယ်။

အသက် ၇၀ အရွယ် အမျိုးသမီးဟာ ခေါင်းပေါ်ကို အပျက်အစီး အပိုင်းအစ ပြုတ်ကျလို့ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ငလျင်ဗဟိုချက်ဖြစ်တဲ့ တာဂုံမြို့က မူလတုန်း ကျောင်းတကျောင်းမှာလည်း ငလျင်လှုပ်တဲ့အချိန်မှာ ရုတ်ရုတ်သဲသဲဖြစ်ပြီး ကျောင်းသား ၄၂ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် ကျောင်းဝင်းထဲက အဆောက်အဦတွေမှာ အက်ကြောင်းတွေ ပေါ်ခဲ့တယ်လို့ ကျောင်းသား ၁၀၀ ရှိတဲ့ ကျောင်းရဲ့ ကျောင်းအုပ်ကြီး မော်ယူက ပြောပါတယ်။

ငလျင်ဒဏ်ကို လူပေါင်း ၅ သောင်းခွဲ ခံစားခဲ့ရတယ်လို့ ပြည်နယ် ပြည်သူ့ရေးရာ ဌာနက ဆိုပါတယ်။

ယာယီတဲပေါင်း ၁ ထောင်၊ အိပ်ရာ ၂ ထောင်နဲ့ အနွေးထည်ပေါင်း ၂၀၀၀ ကို ဖြန့်ဝေထားတယ်လို့  ပြည်သူ့ရေးရာဌာနက ဆိုပါတယ်။

ဒါ့အပြင် လူနာတင်ယာဉ် ၅ စင်းနဲ့ ဆေးဝန်ထမ်း ၃၀ လည်း  နေ့ချင်း ရောက်နေပြီး ဒေသ ဆေးရုံကနေ နောက်ထပ် ဆေးဝန်ထမ်း ၂၀ ကို စေလွှတ်ထားတယ်လို့ ဆိုပါတယ်။

ညနေ ၅ နာရီမတိုင်ခင်မှ ငလျင်လှုပ်ခဲ့ပြီး နောက်ထပ် ၂ နာရီအကြာမှာပဲ ရဲတပ်ဖွဲ့က စေလွှတ်တဲ့ အဖွဲ့ဝင် ၃၅ ယောက်ပါတဲ့ ကယ်ဆယ်ရေးအဖွဲ့လည်း ငလျင်ဖြစ်တဲ့ ဒေသကို ရောက်နေပါတယ်။

ငလျင်ကြောင့် ရထားခရီးစဉ်ကို ယာယီ ရပ်ဆိုင်းခဲ့ရသလို၊ လင်းဇီး အုပ်ချုပ်ရေးနယ်မြေထဲက အဝေးပြေးလမ်းပိုင်းတချို့ ပျက်စီးသွားလို့ ကားပေါင်း ၁၀၀ ကျော်လည်း ပိတ်မိနေပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာ လမ်းပန်းဆက်သွယ်ရေး ပြန်ကောင်းသွားဖို့ မျှော်လင့်တယ်လို့ ဒေသ အာဏာပိုင်တွေက ပြောပါတယ်။

အလားတူ ဂျပန်နိုင်ငံ အလယ်ပိုင်းဒေသမှာလည်း ၆ ဒသမ ၈ ပြင်းအား ရှိတဲ့ ငလျင်  နိုဝင်ဘာ ၂၂ ရက်နေ့က လှုပ်ခတ်ခဲ့ပြီး လူ ၄၀ နီးပါး ဒဏ်ရာရသွားတယ်လို့ NHK  သတင်းက ဆိုပါတယ်။

ငလျင်ဂယက်ကို မိုင် ၁၁၀ ဝေးတဲ့  တိုကျိုမြို့အထိ ခံစားခဲ့ရပါတယ်။ ငလျင်ကြောင့် ဟာကူဘာ ဆိုတဲ့ ရွာမှာ အိမ်ငါးလုံး ပျက်စီးသွားတယ်လို့ ရဲအဖွဲ့က ဆိုပါတယ်။

ဟာကူဘာ ရွာဟာ ၁၉၉၈ နာဂါနို ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲတုန်းက စကိတ် ခုန်တာနဲ့ တခြား အားကစားပွဲကို လက်ခံ ကျင်းပခဲ့တဲ့ ရွာဖြစ်ပါတယ်။ ငလျင်ကြောင့် အမြန်ရထားတွေ ခဏရပ်ခဲ့ရတယ်လို့ ကျိုဒို သတင်းက ဆိုပါတယ်။

တိုကျို လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကုမ္ပဏီရဲ့ ကာရှီ ၀ါဇာကီ ကာရီဝါ  Kashiwazaki Kariwa နျူးကလီးယား ဓာတ်အားပေးစက်ရုံကိုတော့ အထိအခိုက် မရှိဘူးလို့ စက်ရုံပြောခွင့်ရသူက ပြောပါတယ်။

စက်ရုံဟာ ကမ္ဘာမှာ အကြီးဆုံး ဓာတ်အားပေး စက်ရုံဖြစ်ပြီး လောလောဆယ်မှာ ဓာတ်ပေါင်းဖို ၇ ခုစလုံး ရပ်ဆိုင်းထားပါတယ်။

ကမ္ဘာမှာ ပစိတ်ဖိတ် သမုဒ္ဒရာဒေသဟာ ပြင်းအား ၆ အထက် ငလျင်တွေ အားလုံးရဲ့ ၂၀ ရာခိုင်နှုန်း ဖြစ်ပေါ်တဲ့ ဒေသဖြစ်ပြီး သမုဒ္ဒရာကို ပတ်လည်ဝိုင်းထားတဲ့  မီးတောင်နဲ့ သမုဒ္ဒရာ ပြတ်ရွှေ့ကြောပေါ်မှာ ဂျပန်နိုင်ငံလည်း တည်ရှိနေပါတယ်။

ဂျပန်မှာ ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ပြင်းအား ၉ ရှိတဲ့ ငလျင်ကြောင့် ဆူနာမီ လှိုင်းဖြစ်ပေါ်ပြီး လူ ၂ သောင်းနီးပါး သေဆုံးခဲ့ပါတယ်။ အဲဒီ ငလျင်ကြောင့်ပဲ ဖူကူရှီးယား နယူးကလီးယား ဓာတ်အားပေး စက်ရုံ ဓာတ်ရောင်ခြည် ယိုစိမ့်မှုလည်း ဖြစ်ခဲ့ပါတယ်။  အဲဒီအဖြစ်အပျက်ဟာ ကမ္ဘာမှာ ၂၅ နှစ်အတာအတွင်း အဆိုးရွားဆုံး နယူးကလီးယား ကပ်ဘေးတခုလည်းဖြစ်ခဲ့ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ