23 November 2014 14:10(+0630)
(လွန်ခဲ့သော 23 နာရီ ခန့်က)
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲခန့် က ပဲခူးရိုးမတောင်ပေါ်
မြို့ ချောင်း - မင်းလှ - စိန်ကန့် လန် လမ်း မိုင်တိုင် အမှတ် (၆၄/၇) နဲ
့(၆၄/၈)ကြားမှာ ၀ါးများ သယ်ဆောင် လာသည့် ယာဉ်တိမ်းမှောက်မှု ကြောင့် ၃ ဦး
သေဆုံး သွားကြောင်း သတင်းရရှိပါတယ်။
အဆိုပါ လမ်းအတိုင်း မင်းလှမြို့ ဘက်ကနေ မြို့ ချောင်းဘက်ကို
ဦးတည်မောင်းနှင် လာတဲ့ ဒ/၉၆၂၂ တိုယိုတာဒိုင်နာ(ဖြူပြာရောင်)(၆)ဘီးယာဉ်ဟာ
ရှေ့ဘရိတ်ပေါက်ပြီး လမ်းရဲ့  ဝဲဘက်ခြမ်း လမ်းဘေး အကျယ်(၈)ပေ အနက်(၃)ပေ
ရေမြောင်းထဲကို ပက်လက်အနေအထားနဲ့ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။
ယာဉ်တိမ်းမှောက်မှု ဖြစ်တဲ့ နေရာနဲ့ အနီးဆုံး ရဲစခန်းဖြစ်တဲ့ ဖဒိုနယ်မြေရဲ
စခန်းက စခန်းမှူး ရဲအုပ် အောင်ကျော်ဦး နဲ့ အဖွဲ့ သွားရောက် စစ်ဆေးရာမှာ
ဒိုက်ဦးမြို့ နေ ယာဉ်မောင်း ကိုမင်းသက်အောင် ၊ ယာဉ်နောက်လိုက် ကိုဇေယျာနဲ
့အလုပ်သမား ကိုစိုးဝင်း တို့ ၃ ဦးစလုံး ကားခေါင်း အတွင်း ညှပ်ပြီး
ဒဏ်ရာများနဲ့ သေဆုံး နေတာကို တွေ့ ခဲ့ရကြောင်း သိရပါတယ်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment